အလုပ်ခွင်တွင် စိတ်အခြေအနေနှင့် ကုန်ထုတ်စွမ်းအားတို့ကို တိုးမြှင့်နိုင်မည့် လွယ်ကူသော အပြောင်းအလဲ (၇) မျိုး
ရုံးဆိုသည်မှာ အများအားဖြင့်တော့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်ဆံပြောဆိုခြင်းနှင့် အကျိုးရှိစွာ အလုပ်လုပ်ခြင်းတို့ကို ပြုလုပ်ရန် ကောင်းသောနေရာတစ်ခုဖြစ်ပါသည်။ သို့သော် ဆိုးဝါးသော ၀န်းကျင်ဖြစ်နေပါက (သို့) အထူးပင်ဖိစီးမှုများသော ကာလ တစ်ခုအတွင်းကျရောက်နေပါက အလုပ်ဌာနတစ်ခုသည် ရန်လိုသော၊ စိတ်သောကများသော၊ အကျိုးမဖြစ်ထွန်းသော နေရာတစ်ခု အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပါသည်။ အလုပ်ရှင်နှင့် မိမိလုပ်ဖော်ကိုင်ဖက်များကိုပင် မကျေမချမ်းဖြစ်နိုင်ပါသည်။ မကောင်းသော စိတ်ထားများနှင့် စိတ်ဖိစီးမှုတို့သည် အလွန်ကူးစက်လွယ်ပါသည်။ ထို့ကြောင့် ဒီခံစားချက်များကို စောစီးစွာ ချိုးနှိမ်ပစ်ရန် အထူးပင် အရေးကြီးလှပါသည်။ သင့်အနေဖြင့် အလုပ်ပမာဏနှင့် အလုပ်၏ လိုအပ်ချက်တို့နဲ့ ပတ်သက်ပြီး ပြောင်းလဲနိုင်ရန် ခက်ခဲကောင်းခက်ခဲမည်ဖြစ်သော်လည်း သင့်လုပ်ငန်းခွင်တွင် အကောင်အထည်ဖော်ရန် မခဲယဉ်းသော ပြောင်းလဲမှုတစ်ချို့ကို ပြုလုပ်ခြင်းဖြင့် ၀န်ထမ်းများ၏ စိတ်နေစိတ်ထားနှင့် ကုန်ထုတ်စွမ်းအားတို့ သိသိသာသာ မြင့်တက်လာမှာ ဖြစ်ပါသည်။ ယနေ့မှစ၍ လွယ်ကူသော ပြောင်းလဲမှု (၇)ခုကို စမ်းသပ် ပြုလုပ်ပြီး သင်၏၀န်ထမ်းများပို၍ ပျော်ရွှင်ပြီး အလုပ်အား အင်တိုက်အားတိုက်ပိုမိုလုပ်ဆောင်လာနိုင်သည်ကို… Read More »အလုပ်ခွင်တွင် စိတ်အခြေအနေနှင့် ကုန်ထုတ်စွမ်းအားတို့ကို တိုးမြှင့်နိုင်မည့် လွယ်ကူသော အပြောင်းအလဲ (၇) မျိုး