နာယကဂုဏ် (၆) ပါး
နာယကဂုဏ် (၆) ပါး နာယကဂုဏ် ခြောက်ပါးဆိုသည်ကတော့ လူအတော်များများသိပြီးလည်း ဖြစ်ပါသည်။ သို့သော်ဤသည်လည်း အရေးကြီး သည့်အတွက်ကြောင့် ပုံသာဓကအနည်းငယ်ထုတ်နုတ်ပြီး တင်ပြလိုပါသည်။ ”ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း” ဆိုသည့် လင်္ကာလေးသည်လည်း လူတိုင်း၏ နှုတ်ဖျား၌ ရနေပြီး၊ သိနေပြီးသည့် လင်္ကာလေးဖြစ်ပါသည်။ ထကြွခြင်းဆိုသည် လုံ့လဝီရိယကို ခေါ်ဆိုခြင်းဖြစ်သည်။ အမြဲတမ်းအားသွန်ခွန်စိုက်ရှိနေဖို့ ဖြစ်သည်။ နိုင်ငံတစ်ခုဖော်ဆောင် ရာမှာ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတည်ထောင်ရာမှာဖြစ်စေ၊ လုပ်ငန်းခွင်တစ်ခုခုမှာဖြစ်စေ ခေါင်းဆောင်လုပ်သည့် သူသည် အမြဲ တမ်းရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ထထကြွကြွ၊ တက်တက်ကြွနှင့်ကိုယ်တိုင်ပါဝင်ဆောင်ဖို့ လိုပါသည်။ အပေါ်ကနေပြီး တစ်မိန့် တစ်အာဏာနှင့် ခိုင်းရုံမျှနှင့် မလုံလောက်ပေ။ ကိုယ်တိုင်တက်ကြွစွာ၊ လုံ့လဝီရိယစိုက်ထုတ်ကာ ဖော်ဆောင်မှသာလျှင် အောင်မြင်သော အခြေအနေများကို ပုံဖော်နိုင်ပါလိမ့်မည်။ ထို့အတူ နိုးနိုးကြားကြား ရှိနေဖို့လည်း အလွန်လိုအပ်သည်။ နိုးနိုးကြားကြားဆိုသည်မှာ ခေတ်အခြေအနေကို သိမြင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ လေ့လာခြင်းမျိုးဖြင့် အခြားသူများ ဘာလုပ်နေသည်ကို… Read More »နာယကဂုဏ် (၆) ပါး