Skip to content

Motivation

Computer Basic skills

Hello Everyone, Today, We are working in computer fields. We must know some basic part of computer fields. I hope you will be happy for this presentation files. Thank you for looking my websites. Have a good Monday! Every Computer User Should Know How to Do – Download Understanding of Computer Memory Size – Download Window 7 Tips – Download  

အလုပ်ခွင်တွင် စိတ်အခြေအနေနှင့် ကုန်ထုတ်စွမ်းအားတို့ကို တိုးမြှင့်နိုင်မည့် လွယ်ကူသော အပြောင်းအလဲ (၇) မျိုး

  ရုံးဆိုသည်မှာ အများအားဖြင့်တော့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်ဆံပြောဆိုခြင်းနှင့် အကျိုးရှိစွာ အလုပ်လုပ်ခြင်းတို့ကို ပြုလုပ်ရန် ကောင်းသောနေရာတစ်ခုဖြစ်ပါသည်။ သို့သော် ဆိုးဝါးသော ၀န်းကျင်ဖြစ်နေပါက (သို့) အထူးပင်ဖိစီးမှုများသော ကာလ တစ်ခုအတွင်းကျရောက်နေပါက အလုပ်ဌာနတစ်ခုသည် ရန်လိုသော၊ စိတ်သောကများသော၊ အကျိုးမဖြစ်ထွန်းသော နေရာတစ်ခု အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပါသည်။ အလုပ်ရှင်နှင့် မိမိလုပ်ဖော်ကိုင်ဖက်များကိုပင် မကျေမချမ်းဖြစ်နိုင်ပါသည်။ မကောင်းသော စိတ်ထားများနှင့် စိတ်ဖိစီးမှုတို့သည် အလွန်ကူးစက်လွယ်ပါသည်။ ထို့ကြောင့် ဒီခံစားချက်များကို စောစီးစွာ ချိုးနှိမ်ပစ်ရန် အထူးပင် အရေးကြီးလှပါသည်။ သင့်အနေဖြင့် အလုပ်ပမာဏနှင့် အလုပ်၏ လိုအပ်ချက်တို့နဲ့ ပတ်သက်ပြီး ပြောင်းလဲနိုင်ရန် ခက်ခဲကောင်းခက်ခဲမည်ဖြစ်သော်လည်း သင့်လုပ်ငန်းခွင်တွင် အကောင်အထည်ဖော်ရန် မခဲယဉ်းသော ပြောင်းလဲမှုတစ်ချို့ကို ပြုလုပ်ခြင်းဖြင့် ၀န်ထမ်းများ၏ စိတ်နေစိတ်ထားနှင့် ကုန်ထုတ်စွမ်းအားတို့ သိသိသာသာ မြင့်တက်လာမှာ ဖြစ်ပါသည်။ ယနေ့မှစ၍ လွယ်ကူသော ပြောင်းလဲမှု (၇)ခုကို စမ်းသပ် ပြုလုပ်ပြီး သင်၏၀န်ထမ်းများပို၍ ပျော်ရွှင်ပြီး အလုပ်အား အင်တိုက်အားတိုက်ပိုမိုလုပ်ဆောင်လာနိုင်သည်ကို… Read More »အလုပ်ခွင်တွင် စိတ်အခြေအနေနှင့် ကုန်ထုတ်စွမ်းအားတို့ကို တိုးမြှင့်နိုင်မည့် လွယ်ကူသော အပြောင်းအလဲ (၇) မျိုး

နာယကဂုဏ် (၆) ပါး

နာယကဂုဏ် (၆) ပါး နာယကဂုဏ် ခြောက်ပါးဆိုသည်ကတော့ လူအတော်များများသိပြီးလည်း ဖြစ်ပါသည်။ သို့သော်ဤသည်လည်း အရေးကြီး သည့်အတွက်ကြောင့် ပုံသာဓကအနည်းငယ်ထုတ်နုတ်ပြီး တင်ပြလိုပါသည်။ ”ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း” ဆိုသည့် လင်္ကာလေးသည်လည်း လူတိုင်း၏ နှုတ်ဖျား၌ ရနေပြီး၊ သိနေပြီးသည့် လင်္ကာလေးဖြစ်ပါသည်။ ထကြွခြင်းဆိုသည် လုံ့လဝီရိယကို ခေါ်ဆိုခြင်းဖြစ်သည်။ အမြဲတမ်းအားသွန်ခွန်စိုက်ရှိနေဖို့ ဖြစ်သည်။ နိုင်ငံတစ်ခုဖော်ဆောင် ရာမှာ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတည်ထောင်ရာမှာဖြစ်စေ၊ လုပ်ငန်းခွင်တစ်ခုခုမှာဖြစ်စေ ခေါင်းဆောင်လုပ်သည့် သူသည် အမြဲ တမ်းရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ထထကြွကြွ၊ တက်တက်ကြွနှင့်ကိုယ်တိုင်ပါဝင်ဆောင်ဖို့ လိုပါသည်။ အပေါ်ကနေပြီး တစ်မိန့် တစ်အာဏာနှင့် ခိုင်းရုံမျှနှင့် မလုံလောက်ပေ။ ကိုယ်တိုင်တက်ကြွစွာ၊ လုံ့လဝီရိယစိုက်ထုတ်ကာ ဖော်ဆောင်မှသာလျှင် အောင်မြင်သော အခြေအနေများကို ပုံဖော်နိုင်ပါလိမ့်မည်။ ထို့အတူ နိုးနိုးကြားကြား ရှိနေဖို့လည်း အလွန်လိုအပ်သည်။ နိုးနိုးကြားကြားဆိုသည်မှာ ခေတ်အခြေအနေကို သိမြင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ လေ့လာခြင်းမျိုးဖြင့် အခြားသူများ ဘာလုပ်နေသည်ကို… Read More »နာယကဂုဏ် (၆) ပါး

Make Every Morning a ‪‎Good‬ ‪‎Morning‬!

သင်ရဲ့မနက်ခင်းတိုင်းကို ကောင်းမွန်းသော မနက်ခင်း ဖြစ်စေမည့် လုပ်ဆောင်ရမည့် အချက် (၄) ဒီလ ဒီဇင်ဘာလ အတွက် ကျွန်တော် fun များအတွက် ကောင်းမွန်တဲ့ မနက်ခင်းဖြစ်စေမည့် အချက် (၄) ချက်ကို မျှဝေးပေလိုပါတယ်။  ကျွန်တော်တို့တွေ အမြဲတမ်း မနက်ခင်း စောစောထဖို့ဆိုတာ စိတ်သာရှိတာ တော်တော်နဲ့မထနိုင်ပါဘူး။ နှိုးစက်ကိုလည်း ၃ ကြိမ် ၄ ကြိမ်လောက် ခွဲပီးပေးထားပါတယ်။ တခါတလေ ကျွန်တော်တို့ နှိုးစက်ပိတ်ပီး ပြန်အိပ်ဖြစ်တာ များပါတယ်။ အဲဒီတော့ အခုပေးမဲ့ အချက် ၄ ချက်ကို လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ 1. Keep your alarm across the room (နှိုးစက် ကို မိမိအခန်းရဲ့ ခပ်ဝေးဝေးမှာထားပါ) နှိုးစက်ကို ကိုယ်နဲ့အနီးဆုံးနေရာမှာ ထားရင် အချိန်မရွေး ပိတ်ပီးပြန်အိပ် နိုင်ပါတယ်။ အဲဒီတော့ ခပ်လှမ်းလှမ်းမှာ ထား၇င်တော့ ကိုယ်တိုင်ထပီ်း ပိတ်ရတဲ့… Read More »Make Every Morning a ‪‎Good‬ ‪‎Morning‬!