ထီးလိုမင်းလိုဘုရား
ဒီဇင်ဘာလမှာတော်တော်များများခရီးသွားကြပါတယ်..ပုဂံကိုသွားဖြစ်ရင် ဘုရားသမိုင်းကြောင်းလေး သိစေချင်တဲ့ စိတ်ကူးနဲ့ အခုလိုပြန်လည် မျှဝေပေးလိုက်ပါတယ်။ ငယ်ငယ်တုန်းက မန်းတလေးမှာနေတော့ တစ်နှစ်ကို တစ်ခေါက်လောက်တော့ ပုံမှန်ရောက်ဖြစ်တယ်။ငယ်တုန်းကတော့ သမိုင်းကို အဲလောက် စိတ်မဝင်စားဘူး အသက်ကြီးလာတော့မှ သမိုင်းကို ပိုပီးစိတ်ဝင်စားလာတယ်။ ကွန်ပျူတာ တက္ကသိုလ် ပထမနှစ်က နောက်ဆုံးရောက်ခဲ့တာ ဆိုတော့ ၁၁ နှစ်ရှိပီ ပုဂံမရောက်တာ။ ဒီသီတင်းကျွတ်တော့ သွားမယ်ဆိုပီးဆုံးဖြတ်ချက် ချလိုက်တယ်..။ မသွားခင် ရန်ကုန်မြို့မှာရှိတဲ့ စာအုပ်ဆိုင်တွေမှာ ပုဂံအကြောင်းရေးထားတဲ့စာအုပ်လိုက်ရှာပါတယ်။ နောက်ဆုံးတော့ စာရေးဆရာ ပါရဂူ ရေးတဲ့ “ပုဂံခရီးသည်” ဆိုတဲ့ စာအုပ်လေးကိုတွေ့တော့…ဝယ်ဖတ်ဖြစ်ပီး။ စာရေးဆရာရဲ့ အရေးအသားတွေက ကိုယ်တောင် ပုဂံခေတ်ကို ပြန်ရောက်သွားသလိုမျိုး ကိုယ်ရှေ့မှာ ဘုရားတွေ မြင်နေရသလိုမျိုးတွေ ဖတ်ရတယ်။ စာအုပ်ထဲမှာ ထီးလိုမင်းလိုမင်းလက်ထဲမှာ တိုင်းပြည်ကြိးက စည်းလုံးညီညွတ် ပီး ညီအစ်ကိုအချင်းချင်း နနး်လုတာမရှိ။ တိုင်းသူပြည်သားတွေကလည်း ပျော်ရွှင်ကြပီး မင်းကြီးကိုလည်းသဘောကြတဲ့ အကြောင်းတွေ ပါတော့ ဒီထီးလိုမင်းလို ဘုရားလေးကို အရမ်းကြည်နူးသဘောကျ သွားတာပါ။ #ထီးလိုမင်းလိုဘုရား… Read More »ထီးလိုမင်းလိုဘုရား